ပြင်ဦးလွင်မြို့နယ် နောင်လှိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြော‌ပွဲ ကျင်းပ

ပြင်ဦးလွင် ဇွန် ၁၂

လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌ နေ့လယ် (၁) နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် နောင်လှိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ နောင်လှိုင်ကျေးရွာ အ‌ခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်လင်းက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ခင်နှင်းဆီက  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် လည်းကောင်း၊မြင့်မြတ်ပညာ‌ရေးဖောင်ဒေးရှင်းမှအဖွဲ့၀င် ဦးဟိန်းမင်းဦးက စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးရန်နိုင်ထွန်းက ကျန်းမာရေးအသိပညာဗဟုသုတများ၊ မြန်မာစာပေယဥ်‌ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက ‌ ကျောင်းဖွင့်ရာသီ ပျော်ကြမည်ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့သည်။ဆက်လက်ပြီး အဆိုပါ ဟော‌ပြောဆွေးနွေးချက်များနှင့်ပတ်သက်၍  ကျောင်းသား/ ကျောင်းသူ များအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် မေးမြန်း‌ဆွေးနွေးချက်များအား ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ကျောင်းသူများအား မြင့်မြတ်ပညာရေး ဖောင်ဒေးရှင်းမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စာရေးဆရာကိုရွှေအောင်သင်းက နောင်လှိုင်ကျေးရွာ အခြေခံပညာအထက် တန်းကျောင်းအား စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ ကျောင်းသူများအား အသိအလိမ္မာရဖွယ်သုတ၊ ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသ‌ပေးသည်။ အဆိုပါ အသိပညာ‌ပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း ဿိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)