ပြင်ဦးလွင်မြို့နယ် ၀က်၀ံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြော‌ပွဲ ကျင်းပ

ပြင်ဦးလွင် ဇွန် ၁၂

လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နေ့လယ် (၁) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ‌‌၀က်၀ံကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ၀က်ဝံကျေးရွာအ‌ခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒါလီမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြင့်မြတ်ပညာ‌ရေးဖောင်ဒေးရှင်းမှ အဖွဲ့၀င် ဦးဟိန်းမင်းဦးက စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်နော်ရစ်ထူးက ကျန်းမာရေးအသိပညာ ဗဟုသုတများ၊ မြန်မာစာပေ ယဥ်‌ကျေးမှုအသင်းဥက္ကဌ စာရေးဆရာ ကိုရွှေအောင်သင်းက ‌ ကျောင်းဖွင့်ရာသီ ပျော်ကြမည်ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး အဆိုပါ ဟော‌ပြောဆွေးနွေးချက်များနှင့် ပတ်သက်၍  ကျောင်းသား/ ကျောင်းသူ များအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် မေးမြန်း‌ဆွေးနွေးချက်များအား ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ ကျောင်းသူများအား မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စာရေးဆရာကိုရွှေအောင်သင်းက ၀က်ဝံကျေးရွာအခြေခံပညာအထက်တန်း ကျောင်းအား စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသ‌ပေးသည်။ အဆိုပါ အသိပညာ‌ပေးဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး (ခရိုင်ပြန်/ဆက်)