ကျိုင်းတောင်းမြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျိုင်းတောင်း ဇွန် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ကျိုင်းတောင်းမြို့ ဈေးအနီးရှိ မိန်းလမ်းမဘေး ဈေးဆိုင်များနှင့် ဈေးဝယ်သူများထံသို့ ဖြန်ဝေပေးခဲ့ကြောင်း သိရပါသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ‘’သင့်ကြောင့်’’ အမည်ဖြင် ကလေးအလုပ်သမားပပျောက်ရေးကဗျာတစ်ပုဒ်အပါအဝင် အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပ​ပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များပါဝင်ပြီး ကလေးအလုပ်သမားများ ပပျောက်စေရေးအတွက် ဥပဒေစည်းမျဉ်းများကို ထည့်သွင်းဖော်ပြထားကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)