ခိုလမ် ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ကမ္ဘ့ာကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်၊ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီမှ ထုတ်ဝေသည့်ချယ်ရီမြေ အတွဲ(၁)၊ အမှတ်(၁) သတင်းစကားလက်ကမ်းစာစောင်တွင် "ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး"၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမား၏အဓိပ္ပာယ်များ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်ပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ စာရေးဆရာမ မြနှင်းသုန်၏ "သင့်ကြောင့်" ကဗျာ ၊ "တိုးတက်မှုများ ထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ကြိုးပမ်းမှု အရှိန်အဟုန်မြှင့်တင်စို့"ဆောင်ပုဒ်များ စသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များအား ကျောင်းသားလူငယ်ပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)