ကျောက်ဆည် ဇွန် ၁၂
ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်းရောဂါ ကူးစက်မှုမရှိစေရေး ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာအချိန်တွင် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် နောက်ဆုံးအကြိမ် ထိုးနှံပြီး(၆)လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် လွှမ်းခြုံမှုရှိရေး မြို့နယ် ကိုဗစ်-၁၉ရာဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံးကြီးတွင် နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ဆေးထိုးနှံပြီး (၆)လပြည့်ပြီးသူ ဝန်ထမ်းများနှင့် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော် (ပြန်/ဆက်)