မိုင်းယန်း ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမားတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မိုင်းယန်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကဗျာဆရာ မြနှင်းသုန် ရေးဖွဲ့ထားသော "သင့်ကြောင့်" ကဗျာစသည့်ကလေးအလုပ်သမားဆိုင်ရာ ဗဟုသုတများစွာပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး