မိုင်းခုတ်မြို့တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းခုတ် ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ဇွန်လ ၁၂ ရက်နေ့က ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ချယ်ရီမြေလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဝန်ထမ်းများက ’တိုးတက်မှုများ ထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ကြိုးပမ်းမှုအရှိန်အဟုန် မြှင့်တင်စို့’ဟူသောခေါင်းစဉ်နှင့်အညီ မိုင်းခုတ်မြို့နေ ပြည်သူများနှင့် ကျောင်းသားလူငယ်များ ကမ္ဘာကလေးအလုပ်သမားနှင့် သက်ဆိုင်သောပြဌာန်းချက်များအား သိရှိနားလည်စေရန်နှင့် အသိပညာ ဗဟု သုတများရရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်တွင် အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်အပိုင်းအခြား၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးဟူသော ဆောင်ပုဒ်များ ဖော်ပြပါရှိကြောင်းသိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)