ပျော်ဘွယ် ဇွန် ၁၂
ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် စာဖြေဌာနတစ်ခုတွင် အပါအဝင်ဖြစ်သည့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ) ၌ ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်မှကာကွယ်နိုင်ရန် စုပေါင်းသန့်ရေးပြုလုပ်ခြင်းကို ဇွန်လ (၁၂) ရက်နေ့ နံနက် (၇) နာရီက အဆိုပါကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြသည်။
ခြင်အန္တရာယ်ကြောင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် စာသင်ကျောင်းဝင်းအတွင်းရှိ ခြင်များခိုအောင်းနိုင်သော ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ဆယ်ယူခြင်း၊ အမှိုက်များအား စနစ်တကျစွန့်ပစ်ခြင်းတို့ကို မြို့နယ်ရှိဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)