ကျောက်ပန်းတောင်း ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင် (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က စာဖတ်ဝိုင်း ပြုလုပ်ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ Book Club အဖွဲ့ဝင် စာပေဝါသနာရှင် ဦးပေါ်လာက ၎င်းဖတ်ရှုခဲ့သည့်၊ စာရေးဆရာ နတ်နွယ်ရေးသားသော မြန်မာပြည် မြောက်ပိုင်း စာအုပ်မှ တောင်ပေါ်ဒေသ တိုင်းရင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းစာပိုဒ်အား ပြန်လည်ဖတ်ကြား၍ စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးရာ၊ တက်ရောက်လာသည့် စာပေဝါသနာရှင်များက အဆိုပါ သမိုင်းကြောင်းနှင့် ဆက်စပ်၍ မိမိတို့ ဖတ်မှတ်ခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းမှတ်တမ်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြို့နယ်ဦးစီးအရာရှိက နောက်လတွင် ပြုလုပ်မည့် စာဖတ်ဝိုင်းအတွက် ဖတ်ရှုရမည့် စာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်း၍ ကျေးဇူးတင်စကားပြောကြားပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သဲသဲ(ပြန်/ဆက်)