ပုသိမ်ကြီးမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့် ဝန်ထမ်းများသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ (၁)လစာအတွက် ထောက်ပံ့ငွေများ ပေးအပ်

ပုသိမ်ကြီး ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ငလျင်ဘေးသင့် ဌာနဆိုင်ရာဝန်ထမ်းများ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ (၁)လစာအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေက မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ဝန်ထမ်းများကို အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ထောက်ပံ့ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)