မြင်းခြံ ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ဒုတိယနှစ်ဝက်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်(ပထမနှစ်ဝက်) ဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန်သင်တန်းများကို ဇွန်လ (၂) ရက်နေ့မှ စတင်၍ သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားချက်ရှိကြောင်း သိရသည်။
အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ မြင်းခြံတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ဒုတိယ နှစ်ဝက်အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ စသည့် ဘာသာရပ် (၁၂) ခုအပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်(ပထမနှစ်ဝက်) ဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန်သင်တန်းများလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)