လွိုင်လင် ဇွန် ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်- ၂၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမူး ဒေါ်ခင်လေးဖြူက ကလေးလုပ်သားအကြောင်းသိကောင်းစရာများအားဟောပြောပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်နန်း ပြည့်စန္ဒီမြင့် က လူငယ်နှင့်ဆိုရှယ်မီဒီယာအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမူး ဒေါ်ဥမ္မာချိုက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက လိုအပ်သည်များဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများမှပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
အယ်မင်း (လွိုင်လင် )