သာကေတ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း၌ ဆေးလိပ်၊ ကွမ်း၊ အရက်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းနုနုကြည်က အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စုစုလွင်က ဆေးလိပ်၊ ကွမ်း၊ အရက်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးညွန့်ဝင်းမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဥပဒေများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကို လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခဲ့ပြီး အခမ်းနားရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သဲထက်ဇင် (ပြန်/ဆက်)