လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မိုးရာသီအတွင်း ဖြစ်ပွားတတ်သော ရောဂါများအကြောင်းနှင့် တိုင်းရင်းဆေးအသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်သာယာ ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် တိုင်းရင်းဆေးအသိပညာပေးခြင်းနှင့် မိုးရာသီအတွင်း ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ ၌ အမှတ်(၈)ရပ်ကွက် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးအသိပညာဗဟုသုတများနှင့် တိုင်းရင်းဆေးဝါးများ သုံးစွဲခြင်း၊ ရှားစောင်ပင်နှင့် ရဲယိုပင်၊ အရွက်၊ အသီးများ သုံးစွဲခြင်းနှင့် ဆောင်ရန် ရှောင်ရန်တို့ကို မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်၀င်းက ရှင်းလင်းပြောကြားသည်။

ထို့နောက် မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းနှင့် ကာကွယ်‌ဆေးထိုးနှံသည့်အကြောင်းကို ဒေသန္တရကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာကြူကြူသင်းက ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သူနာပြုဆရာမကြီး ဒေါ်နွဲ့နွဲ့၀င်းက မိုးရာသီတွင်ဖြစ်ပွားတတ်‌သော ၀မ်းပျက်၀မ်းလျှောရောဂါများနှင့် သွေးလွန်တုပ်ကွေးရောဂါများအကြောင်းကို အသိပညာပေးဆွေးနွေးပြောကြားသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရပ်ကွက်၊ ကျေးရွာအလိုက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး‌ရေးရာအဖွဲ့၀င်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာမှ တာ၀န်ရှိသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)