ရန်ကုန် ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်း ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ(၃)တွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူးဦးကျော်ငြိမ်းက အမှုတွဲများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေများနှင့် အခြားမြေကိစ္စရပ်များဖြင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက နိဂုံးချုပ်အမှာစကား ပြောကြား သည်။
ယနေ့အစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊မြို့နယ်/ခရိုင် လယ် ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတို့မှ စိစစ်တင်ပြလာသော ရွှေပြည်သာ၊မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊လှည်းကူးခရိုင်နှင့်ဒဂုံမြို့သစ်ခရိုင်တို့၏ အမှုတွဲ(၃၁)တွဲအား ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော် မတီ၏ ယနေ့ အစည်းအဝေးတက်ရောက်လာကြသူ(အားလုံး)၏ သဘောတူညီချက်ဖြင့် လုပ်ထုံး၊လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းသိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)