ညောင်ရွှေ ဇွန် ၁၁
၂၀၂၄-ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် စိုက်ပျိုးရေးတောင်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီ ရန်ပုံငွေမှပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီရန်ပုံငွေမှပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်မောင်လေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများက ထိခိုက်ပျက်စီးသွားသည့် စိုက်ပျိုးမြေတစ်ဧကလျှင် (၁၀၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းစိုက်ပျိုးမြေ (၈၈၀၃) ဧကအတွက် ကျပ်သန်းပေါင်း(၈၈၀.၃)ကို အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ