ဒက္ခိဏသီရိမြိုနယ်၌ မိုးစပါး ၇၂၆၁ ဧက စိုက်ပျိုးရန်လျာထားပြီး ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေး ဆောင်ရွက်သွားမည်

နေပြည်တော် ဇွန် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၇၂၆၁ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားပြီး စပါးထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ အရည်အသွေးကောင်းများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒက္ခိဏသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်သုံးစွဲရေး၊ လေ့ကျင့်ပညာပေးရေးနှင့် သုတေသနဖွံ့ဖြိုးရေးရည်မှန်းချက်များကိုအဓိကထား၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စပါးစိုက်ဧကတိုးတက်အောင်ဆောင်ရွက်ခြင်း၊ ဆည်ရေကို အကျိုးရှိစွာ အသုံးချဆောင်ရွက်ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးစေခြင်း၊ သွင်းအားစုများစနစ်တကျထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရန် စီမံဆောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို တိုးတက်သုံးစွဲလာနိုင်စေရန် ပေါင်းစပ်ကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ တောင်သူများအား စိုက်ပျိုးနည်းစနစ်များဆိုင်ရာ နည်းပညာများ ဟောပြောခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်စေရန် နည်းပညာပေးဟောပြောခြင်းစသည့် စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲများကိုလည်း တိုက်နယ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်