ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန် ဇွန်

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂအခမ်းနားအဖြစ် စေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်းနှင့် လုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ နယုန်လပြည့် (မဟာသမယအခါတော်နေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးဝန်ကြီးများ အလှူရှင်များ တက်ရောက်ပူဇော်ခဲ့ကြသည်။

အခမ်းနားအစီစဥ်ပထမပိုင်းအဖြစ် နံနက် ၅ နာရီခွဲအချိန်တွင် ပင့်သံဃာ(၁၀၈)ပါးဖြင့် ဆံတော်တိုက်ပတ်လည်နှင့် အာရုံခံတန်ဆောင်း(၄)နေရာတို့၌ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်း၊များကိုဆောင်ရွက်တော်မူကြသည်။

ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းအဖြစ် လှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဒနာမင်္ဂလာအခမ်းအနားကို ၇ နာရီ မိနစ် ၂၀ အချိန်တွင် တိုးချဲ့ဓမ္မရင်ပြင်ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သက်များက ငါးသီလခံယူခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး ကြွရောက်တော်မူလာကြသည့် ပင့်သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိက ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဝမ်းသာပီတိမုဒိတာစကားမိန့်ကြားပြီး၊ တိပိဋကစာမေးပွဲ ဩဝါဒါစရိယဗဟန်းမြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကလှရတနာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဦးနာရဒါဘိဝံသ (သ.စ.အဓမ္မာစရိယ) ဝဋံသကာံမှ ဧည့်ပရိတ်သက်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးခဲ့ကြသည်။

ဆက်လက်၍ညနေ ၆ နာရီအချိန်တွင် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် တိပိဋကဓရ ဓမ္မတဏ္ဍာဂါရိက တဒ္ဒန္တသုန္ဒရ (စွန်းလွန်းဂူ) ဆရာတော်ဘုရားကြီးမှလည်းကောင်း၊ ဇွန် ၁၁ ရက်ညနေ ၆ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒွိပိဋကဓရအဂ္ဂမဟာပဏ္ဍိတ ဒေါက်တာတဒ္ဒန္တအဂ္ဂသာမိဆရာတော်ကြီးမှလည်းကောင်း သူတော်ကောင်းတရားနေရာတိုင်းတွင် ထွန်းတောက်စေရန်အတွက် ဓမ္မတရားတော်များ ချီးမြှင့်ဟောကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မှုကို ဩဝါဒါစရိယ ဆရာတော်များ၏ ဩဝါဒနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ၂၀၂၄ – ၂ဝ၂၅ ခုနှစ်တွင် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများကို ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍတော်ထိန်ဂေါပကအဖွဲ့မှ အောင်မြင်စွာ ဆောင်ရွက်ခြင်းဖြစ်​ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)