ပုဗ္ဗသီရိ ဇွန် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ကြီးမှူးဖွင့်လှစ်သည့် ကျန်းမာရေးအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ခေါင်းဆောင် ဒေါ်ထက်မျက်လွင်မှ ကျန်းမာရေးအသိပညာပေးဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး နေပြည်တော် အမျိုးသမီးရေးရာရုံး၌ ဖွင့်လှစ်ခဲ့သော ကျန်းမာရေးအသိပညာပေးအကြောင်းကို တက်ရောက်ခဲ့သည့် ပုဗ္ဗသီရိမြို့နယ် ကိုယ်စားပြု သင်တန်းသူနှစ်ဦးမှ ဆင့်ပွားသင်တန်းပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သင်တန်းသူ (၁၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နန်းရွှေရတီ (ပြန်/ဆက်)