မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

မိုင်းစံ ဇွန် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(ကိုယ်စား) ဒေါ်ကေသွယ်စိုးက ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်ကိုအသုံးချတတ်စေရန် စာပေဖတ်ရှုသည့်အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးဆိုင်ရာများနှင့် စာပေဖတ်ရှု့ခြင်းဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတတ်ပြီး အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အငယ်တန်းစာရေး ဦးစိုင်းခေးလှိုင်းမှ ဖြတ်ထိုးဥာဏ်ပုံပြင် အသိပညာပေးပြောပြခဲ့သည်၊၊

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ကျောင်းသူ/သားများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်၊၊

မိုင်းစံ (ပြန်/ဆက်)