ပုဗ္ဗသီရိ ဇွန် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအမျိုးသမီးအသင်း (Women Club) တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းသည် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူအချင်းချင်း အသိပညာများဖလှယ်နိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူအမျိုးသမီးအသင်း (Women Club) အသင်းအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ထက်မျက်လွင်၊ ဒေါ်မေမြတ်ဦးခင်၊ ဒေါ်နီနီလွင်၊ ဒေါ်သက်မှူးခိုင်တို့က စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသော “လူငယ်တွေ စဉ်းစားဖို့” လူငယ်တို့အတွက် အတွေးစာစုများ စာအုပ်ဖြင့် စာအုပ်တွင်ပါရှိသော ခေါင်းစဉ်များအနက်မှ မိမိတို့ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်းအလိုက် ဖတ်ကြားဆွေးနွေးကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)