ငါန်းဇွန် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က မိသားစုတိုင်း ဆပ်ပြာသုံးစွဲမှု အဆင်ပြေစေရေးအတွက် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြ ဦးစီးအရာရှိ ဒေါ်နေခြည်ဦး၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်ဆွေဇင်အိတို့က သင်တန်းသို့ တက်ရောက်လာသော မြို့နယ်ပြန်/ဆက်ရုံးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာတို့မှ အသင်း/အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ဆပ်ပြာဆီပြုလုပ်ပုံ နည်းအဆင့် ဆင့်ကို လက်တွေ့သရုပ်ပြ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)