ညောင်ဦး ဇွန် ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ခေတ်မီကညစ်ယွန်း ကာလတို နည်းပညာမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ မြင်းကပါကျေးရွာ၊ ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမြင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦးက ခေတ်မီကညစ်ယွန်းနည်းပညာသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။ ထို့နောက် ခေတ်မီကညစ်ယွန်း သင်ကြားမည့် ဘာသာရပ်များနှင့် ပတ်သက်၍ သင်တန်းဆရာတစ်ဦးက ရှင်းလင်းပြောကြားကာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦး၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းတို့က သင်တန်းသူ၊ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ကာ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဒီပါလင်း