ချမ်းအေးသာစံ ဇွန် ၁၁
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်း ထိခိုက်ပျက်ဆီးခဲ့သော အဆောက်အအုံများအား ရှင်းလင်းဖြိုချနေသည့် အခြေအနေများကို ယနေ့နံနက် ၁၀ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့သည်။
ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၃၄x ၃၅ လမ်းကြား၊ ၇၆ လမ်းနှင့် ၃၅×၇၆ လမ်းထောင့်ရှိ ငလျင် ဒဏ်သင့် ဖြိုချလျက်ရှိသောအဆောက်အဦ၊ ဒေးဝန်းအနောက်ရပ်ကွက်၊ အောက်ကမ်းနားလမ်း၊ ၃၀ လမ်း x ၃၁ လမ်းရှိ ဖြိုချလျက်ရှိသော အဆောက်အဦနှင့် ချမ်းအေးသာစံအနောက်ရပ်ကွက် ၂၉ လမ်းထောင့်ရှိ ဖြိုချ လျက်ရှိသော ပြည်တွင်းအခွန်ဦးစီးဌာန သို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများရောက်ရှိပြီး ဖြိုချဖျက်ဆီးနေသည့်အခြေနေများအား ကြည့်ရှု၍ လိုအပ်ချက်များအား ညွှန်ကြားကာ အောင်မြေသာစံမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့သည်။
ထိုသို့ လာရောက်ကြည့်ရှု စစ်ဆေးရာတွင် ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အေးလင်းထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းဝင်းထွန်းတို့မှ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်