လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း(နောင်ပန်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လဲချား ဇွန် ၁၁

အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် အ‌ခြေခံပညာမူလတန်းကျောင်း(နောင်ပန်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက လွတ်လပ်ရေးနေ့၊ က‌လေးအလုပ်သမားပပျောက်ရေး၊ ကလေးအလုပ်သမားအကြောင်းသိကောင်းစရာများအားလည်ကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဟေမွန်ဦးက မူးယစ်ဆေးဝါးဟူသည်၊ ရှောင်လေဝေးဝေးမူးယစ်ဆေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းကိုလည်း​ကောင်း အသိပညာပေးဟောပြောခဲ့ကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)