တံတားဦး ဇွန် ၁၁
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်မောင်းနှင်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက တံတားဦးမြို့ အမှတ် (၃) ရပ်ကွက် တံတားဦး-မြို့သာ ကားလမ်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ရာသို့ တံတားဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်ဆည်)မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီးတံတားဦး-မြို့သာ ကမ်းလမ်းပေါ်မှ မောင်းနှင်လာကြသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို စနစ်တကျ မောင်းနှင်သွားလာကြရန် အရှိန်အဟုဖြင့်ဆောင်ရွက်ကြောင်း သိရသည်။
ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းဝေးရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များပူးပေါင်းပြီး မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ယာဉ်အန္တရာယ်ဖြစ်ပွားသည့် အကြောင်းအရင်းများမှာ ယာဉ်စည်းကမ်းလမ်းစည်းကို လိုက်နာမှုမရှိခြင်း ယာဉ်မောင်းနေစဉ်အတွင်း လက်ကိုင်ဖုန်းပြောခြင်းနှင့် အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်း၊ ယာဉ်မောင်း အိပ်ငိုက်ခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ မော်တော်ဆိုင်ကယ်များတွင် နှစ်ဦးထက်ပိုစီးခြင်းတို့ကြောင့် ဖြစ်ပွားကြောင်း အမှတ်(၉၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(ကျောက်ဆည်) ရဲအုပ်မင်းအောင်၏ ပြောကြားချက်များအရသိရသည်။
ရဲတင့်(ပြန်/ဆက်)