မက်မန်းမြို့နယ် လမ်းဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မက်မန်း ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် လမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မိုင်းပျဉ်း - မက်မန်းလမ်းမပေါ်ရှိ ၇၅ ကီလိုမီတာမှ ၇၆ ကီလိုမီတာအထိ လမ်းဘေး/ဝဲယာတစ်လျှောက် အရိပ်ရလေကာပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူး ရဲမှူးညွန့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည်ကျော်ခိုင်နှင့် ဝန်းထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက စိန်ပန်းပြာ (၁၅၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍ မက်မန်း - မိုင်းပျဉ်းလမ်းပိုင်းပေါ်ရှိ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် သတ်မှတ်ညွှန်ကြားချက်နှင့်အညီ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား တစ်ပြေးညီ ပြည့်စုံညီညွတ်မှန်ကန်မှုရှိစေရေးတို့ကို တာဝန်ရှိသူအသီးသီးတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)