မဟာအောင်မြေ ဇွန် ၁၁
မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၈လမ်း၊၃၉နှင့် ၄၀လမ်းကြားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဥ်ဖြင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီစျေးနှင့်သားသတ်ဌာနမှူး ဦးပြည်ဝင်း ဦးစီးသည့် ဝန်ထမ်း(၂၀)ဦးခန့်မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား ယနေ့နံနက်ပိုင်းက သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ ထိုသို့ရောင်းချရာတွင် ဆန် (၁) ပြည် ၄၀၀၀ ကျပ်၊ဆီ (၁)ပိဿာ ၈၅၀၀ ကျပ်၊ဆား (၅၀)ကျပ်သား ၆၅၀ ကျပ်၊ ငရုတ်သီးအကြမ်းမှုန့် (၁၀)ကျပ်သား ၁၅၀၀ ကျပ်၊ကုလားပဲ (၂၅)ကျပ်သား ၁၈၀၀ ကျပ်၊ဝက်သား (၁)ပိဿာ ၂၆၀၀၀ ကျပ်၊အမဲ (၁) ပိဿာ ၂၅၀၀၀၊ငရုတ်သီးအကြမ်းမှုန့် (၁၀)ကျပ်သား ၁၅၀၀ ကျပ်၊ဆိတ် (၁)ပိဿာ ၂၈၀၀၀ ကျပ်၊ကြက်သား (၁)ပိဿာ ၂၀၀၀၀ ကျပ်ငါးမျိုးစုံ၊ ဟင်းသီး ဟင်းရွက်မျိုးစုံ၊ ကြက်ဥ (၁)လုံး ၄၀၀ ကျပ်နှင့်ဘဲဥ (၁)လုံး ၅၅၀ ကျပ်တို့ဖြင့် ပြင်ပ ပေါက်စျေးများထက် အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း