မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

မိတ္ထီလာ ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က  မြို့နယ်လူမှုဖူလုံရေးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက အမှာစကား ပြောကြားခဲ့ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ထောက်ပံ့ရေးတပ်ခွဲကုန်တင်ကုန်ချအလုပ်ဌာနမှ အာမခံအလုပ်သမား ဦးပေါ်စိန်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ဆန်ဂိုဒေါင်တွင် ဆန်အိတ်ပုံများ ပြိုကျကာ ပိမိပြီး ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၅၀၀၀၀၀၀ ကို  သေဆုံးသူ၏ သမီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းထံသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် လက်ဝယ်အရောက် စနစ်တကျ ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)