ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၌ စာကြည့်တိုက်ဝန်ဆောင်မှု ဗီဒီယိုဖိုင်များ ဖန်တီးခြင်းသင်တန်း ဖွင့်လှစ်သင်ကြား

နေပြည်တော် ဇွန် ၁၀

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်သည့် စာကြည့်တိုက်ဝန်ဆောင်မှု ဗီဒီယိုဖိုင်များဖန်တီးခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်၊ သင်တန်းနည်းပြနှင့် သင်တန်းသူ၊ သင်တန်းသားများ ‌တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော် တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က နည်းပညာနှင့်ပတ်သတ်သည့် အသိပညာများကို သိရှိထားရန် လိုအပ်ကြောင်း၊ သိရှိထားသည့် နည်းပညာဆိုင်ရာအသိပညာဗဟုသုတများကို အချင်းချင်း ပြန်လည်မျှဝေပေးစေရန်နှင့် နည်းပညာများကို ခေတ်နှင့်တစ်ပြေးညီ လိုက်လျောညီထွေစွာ တက်မြောက်ခြင်းဖြင့် ရုံးလုပ်ငန်းများတွင် အကျိုးရှိစွာ ပြန်လည်အသုံးချစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းဖွင့်လှစ် သင်ကြားရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းကို ဆက်လက်သင်ကြားရာ သင်တန်းနည်းပြအဖြစ် ဒုတိယဦးစီးမှူး ‌ဦးထွန်းထွန်းဝင်းက စာကြည့်တိုက်အထောက်အကူပြု ဗီဒီယိုရိုဖိုင်များ လက်တွေ့ရိုက်ကူးခြင်း၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှု ဗီဒီယိုဖိုင်များ ဖန်တီးရာတွင် လိုအပ်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ စာအုပ်မိတ်ဆက်ခြင်းဗီဒီယို ရိုက်ကူးခြင်းနှင့် ဆော့ဝဲလ်များအသုံးပြုပုံတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)