လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့နေ့လယ် (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ကပ္ပတိန်သာစိန်ရေးသားသည့် "ဘဝခရီးသွားလူငယ်များသို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဥ္ဇာဝင်းပြည့်က စာရေးဆရာ ကပ္ပတိန်သာစိန်ရေးသားသည့် ဘဝခရီးသွားလူငယ်များသို့စာအုပ်မှ "လူငယ်သို့အမြင်နှင့် ဘဝမျှော်မှန်းချက်လမ်းကြောင်းရေးဆွဲနိုင်ပါစေ" ဆောင်းပါးကို ဖတ်ကြားဆွေးနွေးခြင်းနှင့် တက်ရောက်လာကြသော Women Club အဖွဲ့ဝင်များက မိမိတို့ဖတ်မှတ်မိသမျှ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဆန်ဒမြင့်