မှော်ဘီမြို့နယ်၌ မြို့နယ်စည်ပင်သာယာမှ ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မှော်ဘီ ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရန်နှင့် ရေလျှံခြင်းမဖြစ်ပေါ်စေရန် ရေဝင်ရေထွက်ရေ​မြောင်းများ ရှင်းလင်းဖယ်ရှားဆောင်ရွက်ခြင်း လုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးကို ယနေ့နံနက်က မှော်ဘီမြို့ ရန်ကုန်-ပြည်လမ်းမကြီး၌ ဆောင်ရွက်ခဲ့​သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် စည်ပင်သာယာအမှုဆောင်အရာရှိ ဦးခင်ဦးနှင့် ဝန်ထမ်းများက မှော်ဘီမြို့အမှတ် (၁) ရပ်ကွက် ရန်ကုန်-ပြည်လမ်းမကြီးတစ်လျှောက် ရေနုတ်မြောင်းများအတွင်း သဲနှုန်းများ၊ အမှိုက်များအား စက်ယန္တယားဖြင့် ရေစီးရေလာကောင်းမွန်စေရေး တူးဖော်ဆောင်ရွက်ကာ ရန်ကုန်-ပြည်လမ်းမကြီးတစ်လျှောက်လမ်းဘေးရှိ အပင်ကြီးများ၏ အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများအား ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်အတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား မိုးတွင်းကာလမရောက်မှီ အချိန်မှီပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း မြို့နယ်စည်ပင်သာအမှုဆောင်အရာရှိ၏ ပြောကြားချက်အရ သိရသည်။

ဝင်းဇော် (ပြန်/ဆက်)