ပင်းတယမြို့၌ မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများရှိ အသင်းသူ၊ အသင်းသားများအား ဒုတိယအကြိမ် မြစိမ်းရောင် ချေးငွေချေးငွေများ ထုတ်ချေး

ပင်းတယ ဒီဇင်ဘာ ၁၃

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ် ဆောင်ရွက်ပေးခဲ့သည့် မြစိမ်းရောင် စီမံကိန်းဝင် ကျေးရွာများဖြစ်သည့် ဇော်ဂျီကျေးရွာနှင့် တံတားကြီးကျေးရွာများမှ အသင်းသူ၊ အသင်းသားများအား ကျေးရွာစံမံကိန်း ကော်မတီဝင်များက ဒုတိယအကြိမ် မြစိမ်းရောင် ချေးငွေများကို ယမန်နေ့က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင် ချေးငွေများထုတ်ချေးရာ၌ နံနက်ပိုင်းတွင် ဇော်ဂျီကျေးရွာ အသင်းသူ၊ အသင်းသား ၄၆ ဦး၊ မွေးမြူရေးအသင်းသား ၆ ဦး၊ ကုန်ထုတ်အရောင်းအဝယ် အသင်းသား ၉ ဦးတို့အတွက် စုစုပေါင်း ချေးငွေကျပ် ၃၁၁ ကျပ်ကိုလည်းကောင်း မွှန်းလွှဲပိုင်းတွင် တံတားကြီး ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က  စိုက်ပျိုးရေး အသင်းသား ၆၀ ဦး၊ မွေးမြူရေးအသင်းသား ၆၅ ဦး စုစုပေါင်း ၁၂၅ ဦးတို့အတွက် ငွေကျပ် ၃၁၃ သိန်းကို လည်းကောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီး မှူး ဦးအောင်လွင်မိုးနှင့် အဖွဲ့ဝင်များတို့က စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)