သာကေတ ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇိနမာရ်အောင်စေတီတော် ဝိမုတ္တိရသဓမ္မာရုံ၌ ဇွန် ၄ ရက်မှ ၁၀ ရက်ထိ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီထိ ကျင်းပလျက်ရှိသည်။
သာကေတမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ ဝင်ရောက်ဖြေဆိုကြသည့် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း သံဃာတော်အရှင်သူမြတ်များအပါအဝင် လူနှင့်သီလရှင်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များအား ပုဇွန်တောင်မြို့နယ် အမှတ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး အမှတ် (၇၂) နေ ဦးထွန်းမင်းဦး ဇနီး သုဓမ္မသိင်္ဂီ ဒေါ်ခင်ပြည့်ပြည့်ဖြိုး (ခ) တေးသံရှင်ပြည့်ပြည့်၊ သမီး မသွန်းရတီသန့်၊ သားမောင်ဝေယံဘုန်းသန့် (772 SEVEN SEVEN TWO LOGISTICS CO. LTD) မိသားစုတို့က ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များကို ဝတ္ထုငွေများ အအေးဘူးများ၊ ရေသန့်ဘူးများနှင့် ဖာလူဒါအအေးများကို ဇွန် ၄ ရက်မှစတင်၍ ပါဠိပထမပြန်စာမေးပွဲအဆုံး ဇွန် ၁၀ ရက်နေ့အထိ ဆက်ကပ်လှူဒါန်းခဲ့သည်။
သဲထက်ဇင် (ပြန်/ဆက် )