ရွှေပြည်သာ ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာစာကြည်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာအုပ်စာစောင်များ၊ ပရိဘောဂများ စနစ်တကျထားရှိစေရန် မြို့နယ်စာကြည်တိုက်များ ကြီးကြပ်မှုကော်မတီမှ ယနေ့ နေ့လယ်ပိုင်းတွင် အမှတ်(၁၀)ရပ်ကွက်ရှိ ဧကရီစာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်ဆင်းဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးနိုင်၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးတို့က ဧကရီစာကြည့်တိုက်မှ စာကြည့်တိုက်မှူး၊ စာကြည့်တိုက်အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ စာကြည်တိုက်ပုံမှန်ဖွင့်လှစ်ရေး၊ စာအုပ်စာစောင်များနှင့် ပရိဘောဂများ စနစ်တကျထားရှိရေးတို့အတွက် တွေဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)