လမ်းမတော်မြို့နယ်၌ အစားသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဆေးဝါး ရောင်းချခွင့် လက်လီလိုင်စင် (သက်တမ်းတိုး)များ ကွင်းဆင်း စစ်ဆေးဆောင်ရွက်

လမ်းမတော် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားခရိုင်၊လမ်းမတော်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဆေးဝါးရောင်းချခွင့်လက် လီလိုင်စင်(သက်တမ်းတိုး)များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ညနေပိုင်းက လမ်းမတော်မြို့နယ် အစားသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လမ်းမတော်မြို့နယ်အစားသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များမှ ရွှေအိုးဆေးဆိုင်နှင့်ရွှေအိုးလက်လီ၊လက် ကားအရောင်းဆိုင်အသစ် လျှောက်ထားခြင်းအတွက်ဆေးဆိုင်များသို့ ဆေးဝါးရောင်းချခွင့် လက်လီလိုင်စင်(သက်တမ်းတိုး)များကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)