မဟာအောင်မြေ ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် ဘာသာပြန်ဘာသာရပ်ကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ဘာသာပြန်ဘာသာရပ်ကိုဖြေဆိုရန် စာရင်းပေးသွင်းထားသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၄၉၆) ပါး ရှိရာ ရဟန်း၊ သာမဏေ၊ သီလရှင်(၃၈၉)ပါး ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၀၇) ပါး ၇၈.၄% ဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပါဠိပထမပြန် စာမေးပွဲများ ကျင်းပဆောင်ရွက်ရာတွင် သံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ရေးဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာဖြေသံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်လိုအပ်သည်များကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း