လှည်းကူးမြို့နယ်၌ မိုးစပါး ၈၁၅၆၉ ဧကလျာထားစိုက်ပျိုးမည်

လှည်းကူး ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ဧက ၈၁၅၆၉ လျာထားစိုက်ပျိုးမည်ဖြစ်ပြီး လျာထားဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရန်အတွက် တာဝန်ရှိသူများက တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှည်းကူးမြို့နယ်တွင် ယခုနှစ်မိုးစပါးလျာထားစိုက်ဧက ၈၁၅၆၉ ဧကလျာထားပြီး စတင်စိုက်ပျိုးမှာကတော့ ဇွန်လ ဒုတိယပတ်ကနေ စိုက်ပျိုးသွားမှာပါ။ လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက်လည်း တောင်သူများအား အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်က ပြောသည်။

လှည်းကူးမြို့နယ်တွင် ယခုနှစ်မိုးစပါးလျာထားဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီမံဆောင်ရွက်မှုဖြင့် တောင်သူများလိုက်နာရမည့် နည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေးဆောက်ရွက်လျက်ရှိကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

အေးအေးနွဲ့