မိတ္ထီလာ ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက မိုးစပါးကို ဆည်ရေကန်ရေဖြင့် လည်းကောင်း၊ ဆည်ရေကန်ရေ မရသည့် ဒေသများတွင် မိုးရေဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး ၎င်း သတ်မှတ်လျာထားသည့် စိုက်ဧကများ သတ်မှတ်လျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိုးစပါးစိုက်မည့်တောင်သူများ တစ်ဧကအထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့် ထုတ်လုပ်သုံးစွဲရေး၊ သွင်းအားစုများ စနစ်တကျထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှုများလျော့နည်းစေရေး စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ဟောပြောခြင်း၊ စိုက်ကွင်း သရုပ်ပြသခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)