ရပ်စောက် ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ်အစိုးရ ပါဠိပထမပြန်စာအောင်လက်မှတ်၊ စာအောင်ဆုနှင့် လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က စူဠာမုနိကုသိုလ်တော်ဘုရားကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့မဘုရားကြီး ဆရာတော်အရှင်သူမြတ်ထံမှ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များက (၅) ပါးသီလ ခံယူဆောက်တည်၍ ဆရာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ်ပရိတ်တရားတော် များနာယူခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များက အစိုးရပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးဆရာတော် (၁၂)ပါးနှင့် စာအောင်သံဃာတော်တော် အရှင်သူမြတ် (၄၂)ပါးတို့အား စာအောက်လက်မှတ်၊ စာအောင်ဆုနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ မြို့မဘုရားကြီးဆရာတော်အရှင်သူမြတ်ထံမှ ရေစက်သွန်ချတရားတော်နာယူကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)