မိုးနဲ ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ် မတ်လအတွက် ဘကအလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ဥယျာဉ်ကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်သာသနာရေးဦးစီးဌာနမှ ကောက်ခံပေးထားသော ဌာနဆိုင်ရာ စုပေါင်းအလှူ တစ်ခုဖြစ်သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကလေးငယ်များ လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရေး လစဉ်လှူဒါန်းလျက်ရှိသည့် ထောက်ပံ့ငွေ ကျပ် (၅၀၀,၀၀၀) တိတိကို မြို့နယ်ဝိဇ္ဇာရိယပရိယတိသတ္တမပါလ ကျောင်းထိုင်ဆရာတော်ကြီးမှ လက်ခံရယူပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုး၊ မြို့နယ်သာသနာရေးဦးစီးအရာရှိ ဦးစည်သူလွင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)