ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေပြင်အသက်ကယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ကျောက်ဆည် ဇွန် ၁၀

ရေကြီးနစ်မြုပ်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မင်းရဲဆည်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်အသက်ကယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးကြိုတင်ကာကွယ်ရေး ရေပြင်အသက်ကယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြဆောင်ရွက်နေမှုများအား ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ကျောက်ဆည် တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ပြီး ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် တပ်ဖွဲ့ဝင်များကဦးဆောင်ကာ ဘေးအန္တရာယ် ကျရောက်နေသူများအား ရှာဖွေကယ်ထုတ်ခြင်း၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်