ပင်လုံ ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနာ့ရက္ခိတဗိမာန်တော်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ (၅၇)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၈)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပင်လုံမြို့ မေတ္တာအေးရိပ်ပရဟိတကျောင်း ဒေါက်တာဘဒ္ဒန္တပုညနန္ဒ (လားရှိုး ၊ မန်ဆူကျောင်း) ဆရာတော်နှင့် ပင်လုံမြို့ စာမေးပွဲကြီးကြပ်ဆရာတော်များ၊ စာမေးပွဲအောင်သံဃာများ၊ အလှူရှင်များတက်ရောက်ကြသည်။ ဦးစွာ အခမ်းအနားကို နမေတဿသုံးကြိမ်ရွတ်ဆိုပြီးဖွင့်လှစ်ပြီး သတ်မှတ်အစီအစဉ်အတိုင်းကျင်းပသည်။ ထို့နောက် စာအောင်သံဃာများအား အောင်လက်မှတ်နှင့် နဝကမ္မအလှူငွေများကို အလှူရှင်များမှ ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် (၅၇)ကြိမ်မြောက် စာအောင်သံဃာများအား အောင်ဆုဆက်ကပ်ရာတွင် ပထမငယ်တန်းတွင် (၁၃) ပါး၊ အခြေပြုမူလတန်းတွင် (၉၆)ပါးဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး