မိုင်းပျဉ်း ဇွန် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြသည်။
ဦးစွာ တက်ရောက်လာကြသော ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံးက ကျောင်းကောင်စီသီချင်းသံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌက ကျောင်းကောင်စီအမှုဆောင်အဖွဲ့အမည်စာရင်းကို ဖတ်ကြားကြေညာပြီး ကျောင်းကောင်စီအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူအားလုံးတို့က ကတိသစ္စာခံယူခဲ့ကြသည်။
ယင်းနောက် ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက တာဝန်အထိမ်းအမှတ်အလံများပေးအပ်ရာ၊ သက်ဆိုင်ရာတာဝန်ရှိသူ ဆရာ၊ ဆရာမများက အသင်းအလိုက်လက်ခံရယူကြပြီး နိုင်ငံတော်သီချင်းကို စုပေါင်းသံပြိုင်သီဆို၍ အခမ်းအနားပြီးမြောက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)