မော်လမြိုင် ဇွန် ၁၀
မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃၈) မူးယစ်တပ်ဖွဲ့စုနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးတာဆီးကာကွယ် ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ကျောင်းသူများ သိသင့်သိထိုက်သည့် အသိ ပညာဗဟုသုတအကြောင်း အရာများ၊စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ အမှတ်(၃၈)မူးယစ်တပ်ဖွဲ့စုမှဒုရဲမှူးအောင်ဆန်းဝင်းက မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် လိုက်နာသင့်သည့်အချက်များ၊မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှဦးသန်းဝင်းက မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးနှင့် ဗလငါး တန် ဖွံ့ဖြိုးရေးအကြောင်းတို့ကိုလည်ကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်