သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

သထုံ ဇွန် ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဘင်လှိုင်ရပ်ကွက်၊ ဝါးတောအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်‌ပေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများပြုလုပ်နေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူမျာက စာရေးသူ မောင်ပေါ်ထွန်း ရေးသားသည့် "စွန့်စားမှအောင်မြင်မည်" စာအုပ်ကို အခန်းအလိုက် ဖတ်ရှုကာ မှတ်သားဖွယ်ရာများ၊ ၎င်းတို့ နှစ်သက်ရာများကို အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြ‌သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ဝါးတောအခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)