လှည်းကူးမြို့နယ်တွင် ခေါင်းလျှော်ရည်၊ဆပ်ပြာရည်၊ဆပ်ပြာခဲ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

လှည်းကူး ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဆပ်ပြာရည်၊ခေါင်းလျှော်ရည်၊ဆပ်ပြာခဲ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို စာဘူးတောင်းကျေးရွာအုပ်စု၊ သပိတ်ကုန်းကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းနောင်၊ လှည်းကူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူဦးတင်အောင်သန်းတို့က အဖွင့်အမှာစကား ပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာမိသားစုဝင်ငွေများ တိုးပွားလာစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ရာ ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်အောင်သင်ကြားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စာဘူးတောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းနည်းပြမှ လက်ခံရယူသည်။

အဆိုပါ သင်တန်းကို ဇွန်လ(၉)ရက်နေ့မှ(၁၃)ရက်နေ့အထိ စာတွေ့/လက်တွေ့(၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ စာဘူးတောင်းကျေးရွာအုပ်စုရှိ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသနေပြည်သူ(၂၁)ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။

အေးအေးနွဲ့