ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌  အခွန်ဆိုင်ရာ အသိပညာပေး ဗီနိုင်း ချိတ်ဆွဲထားရှိမှုများ ကွင်းဆင်းစစ်ဆေး

ဒဂုံတောင် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တို့၌ ပြေစာအမှတ် တံဆိပ်ကပ်နှိပ် ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေးကြေညာချက်နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲထားရှိမှုများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက် ကြကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်နန္ဒာဝင်းတို့ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသောဆိုင်များတွင်  “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါ”  ဟူသော ကြေညာချက်ဗီနိုင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ထပ်မံချိတ်ဆွဲခြင်း စစ်ဆေးခြင်းများဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

နေမျိုးအောင်