ထန်းတပင်(ရန်ကုန်) ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် နဲသမိန်-အောက်ခြံတန်း ကျေးရွာချင်းဆက်လမ်းကို ဇွန်လ ၉ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်လည်း မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမြတ်ခိုင်နှင့် တာဝန်ရှိသူများက နဲသမိန်-အောက်ခြံတန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အကျယ်(၁၂)ပေနှင့် အရှည်(၃၀၃၇)ပေ ဆောင်ရွက်သွားမည့် မြေသားလမ်းနေရာ၏ မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးသွားပါက ကျေးရွာနေပြည်သူများ၏ သွားလာရေးများအဆင်ပြေ၍ ရာသီမရွေး သွားလာအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)