မိတ္ထီလာခရိုင်တွင် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး Project Management သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး Project Management သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင်  မိတ္ထီလာခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများတွင် ရှိသော ဝန်ထမ်းများအား သိသင့်သိထိုက်သော လုပ်ငန်းပိုင်းဆိုင်ရာနှင့် ရုံးလုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်တက်မြောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီးပွားရေးထိခိုက်မှုကုစားရေးအစီအစဉ်အရ ဆောင်ရွက်သောလုပ်ငန်းများ၊ ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆက်စီမံကိန်း ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ စသည့် အခြေခံအဆောက်အဉီဖွံ့ဖြိုးရေးလုပ်ငန်းများကို တည်ဆောက်ရာတွင် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်၍ ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး Project Management သင်တန်းကို ဖွင့်လှစ်သင်ကြားဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မိတ္ထီလာခရိုင်နှင့် မြို့နယ်များရှိ ဝန်ထမ်းများ တက်ရောက်ကြပြီး ၎င်းသင်တန်းတွင် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအခြေခံ၊ ခေါင်းဆောင်မှု၊ EMPLIYEE COMPENSATION၊ RECRUITMENT & SLECTION၊ ဝန်ထမ်းအခြေပြုစာရင်း၊ လုပ်ငန်းတာဝန် ဖော်ပြခြင်း၊ TRAINING & DEVELOPMENT စသည့် ဘာသာရပ်များကို သင်တန်း ကာလမှ ဇွန်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားများဖြစ်ကြောင်း သိရသည်။   

သိန်းမြင့်ကျော်(မိတ္ထီလာ)